Common Clinical Problems in General Practice (2017) သင်တန်းဖွင့်ပွဲ

မြန်မာနိုင်ငံဆရာဝန်အသင်းမှ ကြီးမှူးကျင်းပါသည် “Common clinical problems in General Practice” သင်တန်းဖွင့်ပွဲကို သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ရှိ ခန်းမဆောင် (ဘီ) တွင် ၈.၄.၂၀၁၇ ခုနှစ်၊ စနေနေ့ နေ့လည် (၁၂း၃၀) တွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းကာလမှ (၈.၄.၂၀၁၇ မှ ၂.၇.၂၀၁၇) နေ့ အထိ ဖြစ်ပါသည်။ ထိုသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ပေါင်း (၁၀၀) နီးပါးခန့် တက်ရောက်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် အမှာစကားကို မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးရဲမြနှင့် ဒုဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဦးအေးအောင်တို့က ပြောကြားခဲ့ပါသည်။ ပြီးနောက် ပါမောက္ခဒေါက်တာရဲမြမှာ “Anaemia” သင်ခန်းစာကို ပို့ချပေးခဲ့ပါသည်။ ၉.၄.၂၀၁၇၊ တနင်္ဂနွေနေ့တွင် ပါမောက္ခ ဒေါက်တာဦးစောဝင်းက “DHF and DSS” သင်ခန်းစာများကိုပိုချ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။