MASEAN Group of Journals Board Meeting


MASEAN Group of Journals Board Meeting ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၃၀ တွင် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ MASEAN Group of Journals ၏ ကိုယ်စားလှယ်များဖြစ်ကြသော Prof Datuk Dr Lekhraj Rampal (Malaysia Medical Journal), A.Prof Mahesh Choolani (Singapore Medical Journal), A. Prof Nguyen Thi Ngoc Dung (Vietnam Journal), A.Prof Sakda Arj-Orng Vallibhakara (Thailand) နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဘက်မှ မြန်မာနိုင်ငံဆရာဝန်အသင်း၏ ဥက္ကဋ္ဌ ပါမောက္ခဦးရဲမြ၊ ပါမောက္ခဦးအေးအောင်၊ ဒေါက်တာဦးကျော်လင်း၊  Myanmar Medical Journal (MMJ) မှ Chief Editor ဒေါက်တာဦးမျိုးသက်ထွန်းနှင့် ဒေါက်တာသိန်းသိန်းမြင့်တို့ တက်ရောက်ပြီး ရှေ့တွင်ဆက်လက်လုပ်ဆောင်ရမည့် အကြောင်းအရာများနှင့် လိုအပ်သည်များကို ဆွေးနွေးတိုင်ပင်ကြပါသည်။