Thaninthayi Division

Executive Committee Member List

မြိတ်မြို့ ဒေါက်တာမြင့်စိုး
၁၇၄၊ ထားဝယ်စုရပ်၊ ဗိုလ်ချုပ်လမ်း၊ မြိတ်မြို့။
ထားဝယ်မြို့ ဒေါက်တာယုဝါ
အမှတ် ၄၇၄၊ နီလာလမ်း၊ ချမ်းမြေ့ဆေးခန်း၊ ထားဝယ်မြို့။

Activities


မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) ရုံး အဆောက်အအုံသစ်ဖွင့်ခြင်းနှင့် ပထမအကြိမ်မြောက် Special Symposium ကျင်းပခြင်းကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) တွင် (၁၈.၂.၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) ရုံးအဆောက်အအုံသစ်ကို အထက်ရေပုန်းရပ်ကွက်၊ စပါးရွှေဝါလမ်း၌ ဖော်ဖော်ဝါရီလ (၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီး လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါက်တာဦးရဲမြ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) ဥက္ကဋ္ဌ ဒေါက်တာသန္တမျိုးဝင်းနှင့် အဆောက်အအုံ မတည်အလှူရှင် ဒေါက်တာ အေးအေးသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ စုပေါင်းတည်ဆောက်ခဲ့သော စေတနာရှင် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။ အဆောက်အအုံသစ် ကုန်ကျစရိတ်မှာ စုစုပေါင်း ငွေကျပ် သိန်းပေါင်း (၁၀၈၅) ဖြစ်ပါသည်။