BUDDHIST DOCTORS SOCIAL GROUP

(၃၅) ကြိမ်မြောက်၊ ဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး)၊ ဗုဒ္ဓဘာသာအဖွဲ့မှ ကြီးမှူးကျင်းပသော (၃၅) ကြိမ်မြောက် ဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အာက်တိုဘာလ (၁၅) ရက် (တနင်္ဂနွေနေ့) တွင် အမှတ်(၂၄၉) သိမ်ဖြူလမ်းရှိ  မြန်မာနိုင်ငံဆရာဝန်အသင်း၊ ခန်းမဆောင် (အေ) တွင် ပြုလုပ်ခဲ့ပါသည်။

(၃၅) ကြိမ်မြောက် ဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယ ဥက္ကဋ္ဌ ဆရာတော်ကြီးအား အမှူးပြုသော၊ ပင့်သံဃာ (၁၀) ပါးကကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

ငွပဒေသာပင် ၁ ပင်လျှင် (၃၀၀,၀၀၀) နှုန်းဖြင့် (၃) ပင် စုစုပေါင်း တန်းဘိုးငွေ သိန်း (၅၀) ကျော်ကို လှူဒါန်းခဲ့ပါသည် လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှဝေးပြီးနောက် နေ့ဆွမ်းဆက်ကပ်ပါသည်။ ဧည့်ပရိသတ်များကိုလည်း မုန့်ဟင်းခါး၊ ကော်ဖီဖြင့်ဧည့်ခံပါသည်။

 

၂၇.၁၀.၂၀၁၇ ၊ သောကြာနေ့တွင် ဗုဒ္ဓဘာသာအဖွဲ့ အဖွဲ့ဝင်များစုပေါင်းပြီး သဒ္ဓါအားအလျောက်၊ အမျိုးသမီးဆရာဝန်များအဖွဲ့မှ ကြီးမှူးကျင်းပသော (၃၅) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ငွေ (၅၀၀၀၀၀) ကျပ် လှူဒါန်းခဲ့ပါသည်.