အမျိုးသမီးဆရာဝန်များအဖွဲ့၏ (၃၅) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ဖိတ်ကြားလွှာ


“မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) ၏ အသက်(၇၅)နှစ်ပြည့်ပြီးသော ဆရာဝန်ကြီးများပူဇော်ကန်တော့ပွဲ” ကို အမျိုးသမီးဆရာဝန်အဖွဲ့မှဦးဆောင်၍ နှစ်စဉ်ကျင်းပ ပူဇော်ကန်တော့လာသည်မှာ ယခုနှစ်တွင် (၃၅) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် နေထိုင်လျှက်ရှိကြပါသော အသက် (၇၅) နှစ်ပြည့်ပြီးသော ဆရာဝန်ကြီးများအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်း (၁၀၀၀၀၀) စီ ကန်တော့ကြမည်ဖြစ်ပြီး လှူဒါန်းကြသည့်ကန်တော့ ပစ္စည်းများကိုလည်း ကံစမ်းမဲဖောက်လှူဒါန်းသွားမည်ဖြစ်ပါသည်။ စာရင်းအရ ကန်တော့ခံဆရာကြီးဦးရေ (၄၀၀) ဦးခန့် ရှိပါသည်။ သို့ပါ၍ဆရာကြီး၊ ဆရာမကြီးများအတွက် လှူဒါန်းငွေနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းလိုပါက မြန်မာနိုင်ငံဆရာဝန်အသင်း အုပ်ချုပ်ရေးမှူး ဦးသောင်းညွန့်ထံတွင် လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် (၃၅) ကြိမ်မြောက်ပူဇော်ပွဲကို (၂၉.၁၀.၂၀၁၇ ) (တနင်္ဂနွေနေ့) နံနက် (၉း၀၀) နာရီတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ခန်းမဆောင် (အေ) တွင် ကျင်းပမည် ဖြစ်ပါသောကြောင့် ကြွရောက်ပူဇော်ကန်တော့ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။