CPR (Cardiopulmonary Resuscitation) Training (Photo)


မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) နှင့် ပါမောက္ခဒေါက်တာဦးမြင့်စိုးဝင်းနှင့် နှလုံးရောဂါကုပညာဌာနမှာ အထူးကုဆရာဝန်များ ပူးပေါင်းဖွင့်လှစ်သော CPR Training သင်တန်းကို (၂၀.၁၀.၂၀၁၉) ရက်၊ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ၏ အသစ်ဆောက်လုပ်ထားသော သင်ကြားလေ့ကျင့်ရေး ခြောက်ထပ်အဆောက်အဦးအသစ်တွင် သင်ကြားခဲ့ပါသည်။ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၅၆) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။