သင်ကြားလေ့ကျင့်ပေးရေးအဆောက်အဦး၏ Skill Training Lab
မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) မြေနေရာတွင် ဆရာဝန်များအတွက် သင်ကြားလေ့ကျင့်ပေးနိုင်မည့် သင်ကြားလေ့ကျင့်ရေး ခြောက်ထပ် အဆောက်အဦသစ်ကြီးကို (၆ .၇ .၂၀၁၈) ခုနှစ်တွင် စတင်အုတ်မြစ်ချခဲ့ပါသည်။ အဆိုပါအဆောက်အဦးသစ်ကြီး ဆောက်လုပ်ရန်အတွက် ပုဂ္ဂလိက အလှူရှင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှာ စုပေါင်းလှူဒါန်းသည့် အလှူငွေလက်ခံပွဲ အခမ်းအနားကိုလည်း (၂.၆.၂၀၁၈) ရက်နေ့၊ စနေနေ့တွင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုအခါ အဆိုပါသင်ကြားလေ့ကျင့်ရေး အဆောက်အဦသစ်ကြီး ဆောက်လုပ်ပြီးစီးပြီဖြစ်၍ သင်ကြားလေ့ကျင့်ရေးအတွက် လိုအပ်သည်များကို မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။





