ကိုဗစ်ကာလမိဘပြည်သူ့များကြုံတွေ့နေရသောကျန်းမာရေးပြဿနာများကိုတယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးခြင်း


ကိုဗစ်ကာလမိဘပြည်သူ့များကြုံတွေ့နေရသောကျန်းမာရေးပြဿနာများကိုတယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးခြင်း
မိဘပြည်သူများအတွက်
ယခုကိုဗစ်ကာလအချိန်အတွင်းမှာ ကိုဗစ်ရောဂါကပ်ဆိုးကြောင့် အချို့သောဆေးခန်းများ ပိတ်ထားကြသလို အချို့သောဆေးခန်းများလည်း ဖွင့်လှစ်ကုသပေးနေကြပါတယ်။ Stay Home နေကြရလို့လည်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ယခင်ကဲ့သို့ တိုင်ပင်ဆွေးနွေးဖို့ရာ အခက်အခဲများ ကြုံတွေ့နေကြရပါတယ်။
ဒီအတွက်ကြောင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့အနေဖြင့်
(ကိုဗစ်ကာလ မိဘပြည်သူ့များ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို တယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးခြင်း) TELE CONSULTATION of health Issue during COVID ERA အစီအစဉ် ကို စတင်ဆောင်ရွက်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ရက်နေ့တွင် သင်္ကန်းကျွန်း၊ စမ်းချောင်း၊ မရမ်းကုန်း၊ တာမွေ နှင့် အင်းစိန် (၅) မြို့နယ် မှာ စတင်ပြီး ကျန်သောမြို့နယ်များကိုလည်း ချဲ့ထွင်ဆောင်ရွက်သွားပါမယ်။
မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် ဖုံးခေါ်ဆိုပြီး TELE CONSULTATION ပြုလုပ်နိုင်ပါတယ်။ ယခုအစပိုင်းမှာ ကြိုက်နှစ်သက်ရာဖုံးများ ခေါ်ဆိုပြီး အခမဲ့ ဆွေးနွေးအကြံဉာဏ် ရယူနိုင်ပါတယ်၊