စေတနာ့ဝန်ထမ်း (Volunteer) များ register လုပ်နိုင်ပါပြီ


စေတနာ့ဝန်ထမ်း (Volunteer) များ register လုပ်နိုင်ပါပြီ
Crd Prof Win Myat Aye
Quarantine အစီအစဉ်များတွင် ပါဝင်သောစေတနာ့ဝန်ထမ်း ( Volunteer ) များကိုဝိုင်းဝန်းပံ့ပိုးကူညီကြပါမယ်။
COVID – 19 ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်ရာမှာ သတ်မှတ်နေရာအဆောက်အဦများမှာထားရှိပြီး အသွားအလာကန့်သတ်ခြင်း Quarantine ဆောင်ရွက်ခြင်းဟာ အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။
Quarantine နေထိုင်ရသူများအတွက် လိုအပ်ချက်များကို စေတနာ့ဝန်ထမ်းများ၊ ပရဟိတသမား များ၊ လူမှုအဖွဲ့အစည်းများ၊အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ၊ ကျန်းမာရေးစောင့်ရှောက်သူများဟာ၊ အတွင်းစည်းနှင့် အပြင်စည်းများမှာ တာဝန်ယူ ဆောင်ရွက်ပေးနေကြပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြည်သူလူထုအတွက် ယခု COVID-19 ကာလအတွင်း ထိရောက်စွာ ကူညီပံ့ပိုးဆောင်ရွက်ပေးနေကြသော ပရဟိတအသင်းများ၊ ပရဟိတသမားများ အားလုံးကိုလည်း အထူးကျေးဇူးတင်ဂုဏ်ယူပါတယ်။ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန် လည်း မေတ္တာရပ်ခံအပ်ပါတယ်။
လက်ရှိ သက်ဆိုင်ရာဒေသအလိုက် Quarantine Center များမှာ စေတနာ့ဝန်ထမ်း (Volunteer) များအဖြစ် ဆောင်ရွက်လျက်ရှိသူများကိုလည်း စာရင်းကောက်ယူ မှတ်တမ်းတင်လျက်ရှိပါတယ်။
မိမိ၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ်စသည်များကို အခကြေးငွေမယူဘဲ ဤလုပ်ငန်းစဉ် မှာ နေ့စဉ်ပါဝင်ပြီး သတ်မှတ်အချိန်ကာလအပြည့် မိမိတစ်ဦးချင်း၏ဆန္ဒအရ စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် ပါဝင်မည့်သူများကို လိုအပ်သောသင်တန်းများပေးခြင်း၊ လုံခြုံရေး အကာ အကွယ်များဆောင်ရွက်ပေးခြင်း၊ အနေအထိုင်၊ အစားအသောက်၊ အသွားအလာကိစ္စများအတွက် စနစ်တကျပံ့ပိုးကူညီခြင်း၊ (၇) ရက်တာ လုံလောက် သော အနားယူအပန်းဖြေမှုရရှိစေခြင်းနှင့် အသိအမှတ်ပြုခြင်းများ ဆောင်ရွက်ပေးရန် လိုအပ် ပါတယ်။ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ (National Volunteer Steering Unit) က ဒီကိစ္စကိုဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
ဤစေတနာ့ဝန်ထမ်း (Volunteer) အစီအစဉ်မှာ သတ်မှတ်လုပ်ငန်းစဉ်နှင့် သတ်မှတ်ကာလအတွင်း ပါဝင်လိုသူများအနေဖြင့် https://docs.google.com/…/1FAIpQLSfr6cThziL…/viewform…
တွင် ဝင်ရောက်၍ သတ်မှတ်ပုံစံကို ဖြည့်စွက်ပြီး စာရင်းပေးသွင်းကြရန် နှိုးဆော် အပ်ပါတယ်။
သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများထံ စာရင်းပေး သွင်းထားသူများကိုလည်း စာရင်းရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။