Fever Clinic များအတွက် SOP/Guideline ချမှတ်ခြင်းနှင့် PPE အသုံးပြုခြင်းဆိုင်ရာသင်တန်း
COVID-19 တိုက်ဖျက်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း တို့ပူးပေါင်းပြုလုပ်သည့် Fever Clinic များအတွက် SOP/Guideline ချမှတ်ခြင်းနှင့် PPE အသုံးပြုခြင်းဆိုင်ရာသင်တန်း ကို ၁၉.၄.၂၀၂၀ ခုနှစ် နံနက် (၉) နာရီမှ (၁၂) နာရီအထိ အမှတ် (၂၄၉)၊ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံဆရာဝန်အသင်း ခန်းမဆောင်(အေ) တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးထင်အောင်စော မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ မြို့နယ် (၃၀) မှ Volunteer ဆရာဝန်များ၊ အသင်းအဖွဲ့ (၉) ခုမှ စိတ်ပါဝင်စားသူများ၊ ဆေးရုံအုပ်ကြီးများ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၈၈) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းသားများကို ဝေဘာဂီဆေးရုံမှ ဆရာမများက သင်ကြားပေးခဲ့ပါသည်။












