MMA – Magway Region တွင် Community Based Fever Clinic ဖွင့်လှစ်ခြင်း


Pyidaungsu

MMA – Magway Regionမှ Community Based Fever Clinic ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း(26.05.2020)တွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လာရောက်ဖွင့်လှစ်ပေးပြီး သရုပ်ပြအစမ်းလေ့ကျင့်ကုသခြင်း(Drilling)ကို ကြည့်ရှူစစ်ဆေးခဲ့ပါသည်။

Fever Clinic တွင် 28.05.2020(ကြာသပတေး)နေ့မှစတင်၍ လူနာများကို ကုသပေးမည်ဖြစ်ပါသည်။

Fever Clinic ​၏ တည်နေရာမှာ မကွေးမြို့ ဂရုဏာရှင်များအသင်းတွင်ဖြစ်ပါသည်။

ဆေးခန်းဖွင့်ချိန်မှာ

နံနက် 08:00နာရီမှ 10:00နာရီအထိ ဖြစ်ပါသည်။

ဆေးခန်းကို တနင်္လာ၊ ကြာသပတေး၊ စနေနေ့များတွင် အပတ်စဉ် တစ်ပတ်လျှင် 3ရက် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

Fever Clinic ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှပံ့ပိုးကူညီပေးကြပါသော မိဘပြည်သူများနှင့် စေတနာ့ရှင် Volunteer များကို အထူးကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

zawgyi

MMA – Magway Region မှ Community Based Fever Clinic ဖွင့်ပွဲကို ၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ လာရောက်ဖွင့်လှစ်ပေးပြီး သရုပ်ပြအစမ်းလေ့ကျင့်ကုသခြင်း (Drilling) ကို ကြည့်ရှူစစ်ဆေးခဲ့ပါသည်။

မကွေး Fever Clinic ကို (၂၈-၅-၂၀၂၀) ကြာသပတေးနေ့မှစတင်ပြီး လူနာများကို ကုသပေးမည်ဖြစ်ပြီး တည်နေရာမှာ မကွေးမြို့ ဂရုဏာရှင်များအသင်းတွင် ဖြစ်ပါသည်။ ဆေးခန်းဖွင့်ချိန်မှာ နံနက် (၈) နာရီမှ နံနက်(၁၀) နာရီအထိ အခမဲ့ကုသပေးသွားမည် ဖြစ်ပါသည်။ ဆေးခန်းကို တနင်္လာ၊ ကြာသပတေး၊ စနေနေ့များတွင် အပတ်စဉ် တစ်ပတ်လျှင် (၃) ရက် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ Fever Clinic ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီခဲ့ကြသော မိဘပြည်သူများ၊ စေတနာရှင် Volunteer များကို အထူးကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြအပ်ပါသည်။