ကိုဗစ်ကာလ မိဘပြည်သူ့များကြုံတွေ့နေရသောကျန်းမာရေးပြဿနာများကိုတယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးခြင်း (မွန်ပြည်နယ်)


ကိုဗစ်ကာလ မိဘပြည်သူ့များကြုံတွေ့နေရသောကျန်းမာရေးပြဿနာများကိုတယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးခြင်း
မွန်ပြည်နယ်အတွင်းရှိ မိဘပြည်သူများခင်ဗျာ-
ယခုကိုဗစ်ကာလအချိန်အတွင်းမှာ ကိုဗစ်ရောဂါကပ်ဆိုးကြောင့် အချို့သောဆေးခန်းများ ပိတ်ထားကြသလို အချို့သောဆေးခန်းများလည်း ဖွင့်လှစ်ကုသပေးနေကြပါတယ်။
Stay Home နေကြရလို့လည်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ယခင်ကဲ့သို့ တိုင်ပင်ဆွေးနွေးဖို့ရာ အခက်အခဲများ ကြုံတွေ့နေကြရပါတယ်။
ဒီအတွက်ကြောင့် မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)နှင့်၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့(မွန်ပြည်နယ်)တို့ပူးပေါင်း၍
(ကိုဗစ်ကာလ မိဘပြည်သူ့များ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို တယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးခြင်း) TELE CONSULTATION of health Issue during COVID ERA အစီအစဉ် ကို စတင်ဆောင်ရွက်မှာဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၇ ရက်နေ့မှစတင်ပြီးဖုန်း ခေါ်ဆိုဆက်သွယ်ပြီး အခမဲ့ဆွေးနွေးအကြံဥာဏ်တောင်းယူနိုင်ပါတယ်။
မိမိနေထိုင်သော မြို့နယ်မှသက်ဆိုင်ရာဆရာ၀န်ကြီးများကိုတိုက်ရိုက်ဖုန်းခေါ်ဆို တိုင်ပင်ဆွေးနွေးတိုင်ပင်နိုင်ပြီး ပါရဂူဆရာ၀န်ကြီးများနှင့်လဲချိတ်ဆက်ပြီး ပြန်လည်ဆွေးနွေးဖြေကြားပေးသွားမှာဖြစ်ပါသည်။
လူနာများအနေဖြင့် ဆွေးနွေးအကြံဉာဏ်တောင်းပါက
အမည်
အသက်
အလုပ်အကိုင်
နေရပ်လိပ်စာအပြည့်အစုံ
ခရီးသွားရာဇဝင် အပြည့်အစုံ
ရောဂါလက္ခဏာများ
ကိုမှန်ကန် အောင် ပြောပြပေးပါရန်မေတ္တာရပ်ခံပါသည်။
ကူညီပေးသော ဆရာ၀န်ဆရာမကြီးများအား
MMA(မော်လမြိုင်)မှ အထူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
မြန်မာနိုင်ငံဆရာ၀န် အသင်း (မော်လမြိုင်)