တတိယအကြိမ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ပူးပေါင်း၍ တနိုင်ငံလုံးရှိ သူနာတငိယာဉ်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များအား training ပေးခြင်း
နယ်မြေတွေသာဝေးကွာချင်ကွာနေမယ်… ကျွန်တော်တို့အားလုံးက အဖြူရောင်နှလုံးသားပိုင်ရှင်တွေပါ….
စွန့်လွတ်အနစ်နာခံသူများကိုပြန်လည်မျှဝေပေးခွင့်ရတာဂုဏ်ယူမိပါတယ်….
တတိယအကြိမ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ပူးပေါင်း၍ တနိုင်ငံလုံးရှိ သူနာတငိယာဉ်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များအား training ပေးခြင်း
လေးစားရသော ဆရာကြီးprof ဦးဝင်းမြတ်အေး (ဝန်ကြီး)မှ တက်ရောက်အမှာစကားပြောကြားပေးခဲ့ပါတယ်၊
ဆရာဝန်အသင်း President prof Htin Aung Saw ကလည်းအားပေးစကားတွေပြောပေးခဲ့ပါတယ်
အမ prof မာမာကြည်၊ ဒေါက်တာသောင်းလင်းတို့က fever clinics များ၊ Covid လူနာကိုချဉ်းကပ်ပုံနှင့် လူနာတင်ယာဉ်များအပေါ်တွင် ပိုးသတ်ပုံ၊နှင့် လိုက်ပါမည့်သူများ PPEဘယ်လိုဝတ်ရမယ် အစရှိသည်ကိုသင်ကြားပေးခဲ့ပါတယ်။
ကျွန်တော်ကတော့ ambulance set-up၊ community CPR အကြောင်းနှင့် လူနာသယ်ယူပို့ဆောင်ခြင်းအကြောင်း ဝေမျှပေးခွင့်ရပါတယ်
အားလုံးစုစည်းနေရင် မကြာခင်မှာ covidကြီးကိုကျော်လွှားနိုင်မှာပါ
#ပရဟိတမောင်မယ်များ
#eas
#mma
#my_life
#health_heros