67th Myanmar Medical Conference, Virtual Pre-Conference Symposium on covid-19 (photo)


MOHS မှ ပညာရှင်များနှင့် MMA မှ ပညာရှင် များပူးပေါင်း၍ 67th Myanmar Medical Conference, Virtual Pre-Conference Symposium on covid-19 ကို ၂၁-၁-၂၀၂၁ ရက်နေ့ (ယ​နေ့) နံနက် (၉) နာရီ မှ ညနေ (၄) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံ အကြို “COVID-19 နှင့် ပတ်သက်သော ပြည်သူ့ကျန်းမာကာကွယ်ရေးဆိုင်ရာများဆွေးနွေးပွဲ (“67th Myanmar Medical Conference Pre-Conference Symposium on COVID-19)” သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဋ္ဌ ဒေါက်တာထင်အောင်စော၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ပါမောက္ခဒေါက်တာဖေသက်ခင်၊ ဆေးတက္ကသိုလ် (၂)၊ အပူပိုင်းနှင့်ကူးစက်ရောဂါဆေးပညာဌာန၊ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာစံပယ်ဖြူ၊ အပူပိုင်းနှင့်ကူးစက်ရောဂါဆေးပညာဌာန၊ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမိုးမိုးစမ်းနှင့် ယခင်က မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ပါမောက္ခ ဒေါက်တာရဲမြ တို့က ဘာသာရပ်နယ်ပယ်အလိုက် ဆွေးနွေးတင်ပြမှုများနှင့်  COVID-19 လူနာများကို ပြုစုကုသရာတွင် တွေ့ကြုံခဲ့ရသည်များကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်သူများကလည်း Videoconferencing ဖြင့် မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။


9:00 AM

https://www.facebook.com/mmacme/videos/224476075886236

1:00 PM

https://www.facebook.com/mmacme/videos/2586479058311930